130 Years

Language

Kubota သည် စတင်တည်ထောင်ချိန် ၁၈၉၀ ခုနှစ်မှ စ၍ အခက်အခဲများကို တစ်လှမ်းချင်း
ဖြတ်ကျော်လာခဲ့ပါသည်။
လှပသောကမ္ဘာမြေကြီးနှင့် နေထိုင်သူများ၏ အနာဂတ်အတွက်
ကျွန်ုပ်တို့သည်“ အစားအစာ၊ ရေနှင့်ပတ်၀န်းကျင်” ဆိုင်ရာပြဿနာများကို ဆက်လက်၍ စိန်ခေါ်လုပ်ဆောင်သွားမည်ဖြစ်သည်။

F o o d ,
W a t e r ,
E n v i r o n m e n t

စားနပ်ရိက္ခာ၊ ရေနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ
ကို ဖြေရှင်းမည်

  • Food

    စားနပ်ရိက္ခာပေါကြွယ်ဝသောအနာဂတ်ကို လူသားများအတွက် ယူဆောင်လာခြင်း။

    Kubota သည် သီးနှံနှင့်စိုက်ပျိုးရေးသုံး ကမ္ဘာ့ထိပ်တန်း လယ်ယာသုံးစက်ပစ္စည်းများ ဦးဆောင်ထုတ်လုပ်သူများထဲမှ တစ်ဦးဖြစ်ပါသည်။ တောင်သူလယ်သမားများ၏ တုံ့ပြန်မှုများကို ဂရုတစိုက်နားထောင်ပြီး ကျွန်ုပ်တို့၏စက်ပစ္စည်းများကို ပြုပြင်ပြောင်းလဲမှုများ၊ အဆင့်မြှင့်တင်မှုများ ပြုလုပ်ပေးနေသောကြောင့် တောင်သူဦးကြီးတို့၏ လိုအပ်ချက်နှင့်ကိုက်ညီသော စက်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ပြီး ကမ္ဘာနှင့်အဝှမ်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပါသည်။

  • Water

    ဘေးကင်းသန့်စင်သောရေကို တစ်ကမ္ဘာလုံးရှိ လူသားတစ်ဦးချင်းဆီသို့ ယူဆောင်လာခြင်း။

    Kubota သည် ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၃၀ ခန့်မှစ၍ ဂျပန်နိုင်ငံ၏ ပထမဆုံးသော ရေပေးဝေမှုလုပ်ငန်းများအတွက် အထောက်အကူပြုစေမည့် သံပိုက်လုံးများထုတ်လုပ်ခြင်းဖြင့် စတင်ခဲ့ပြီး ရေအသုံးချမှုလုပ်ငန်းအဆင့်ဆင့်တွင် ကျွန်ုပ်တို့၏ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို ယနေ့ထိတိုင် အထောက်အပံ့ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် အကန့်အသတ်ရှိသောကမ္ဘာ့အရင်းအမြစ်များကို ကာကွယ်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိလူတိုင်းအတွက် ဘေးကင်းသန့်စင်သောရေကိုပေးဆောင်ရာတွင် ဂျပန်နိုင်ငံ၏ ကမ္ဘာ့အဆင့်မီဖွံ့ဖြိုးတိုးတက်သော ရေပေးဝေရေးသုံး ထုတ်ကုန်နှင့်နည်းပညာများကို အသုံးပြုပါသည်။

  • Environment

    လူသားတို့၏ ပိုမိုကောင်းမွန်သောဘ၀များအတွက် အထောက်အပံ့ပေးခြင်း။

    Kubota ၏ နည်းပညာများသည် စီးပွားရေးနှင့်စက်မှုလုပ်ငန်းတိုးတက်မှုများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ထောက်ပံ့ပေးခြင်းအားဖြင့် ပြည့်စုံသောလူနေမှုပုံစံများကို အစဉ်တစိုက်ပံ့ပိုးပေးလျက်ရှိပါသည်။ ထိုပံ့ပိုးမှုများတွင် စက်မှုလုပ်ငန်းများနှင့် လူမှုဘဝနေထိုင်ခြင်းအတွက် အဓိကရင်းမြစ်ဖြစ်သည့် အင်ဂျင်များ၊ မြက်ရိတ်စက်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကဲ့သို့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးဝင်သည့်ပစ္စည်းများ၊ အသေးစိတ်လုပ်ငန်းသုံးစက်ကိရိယာများလည်းပါဝင်ပါသည်။

G l o b a l
E x p a n s i o n

  • ပေါင်းစည်းထားသောကုမ္ပဏီများ

    ၁၉၈ကုမ္ပဏီ

  • ဝန်ထမ်းဦးရေ

    ၄၃,၂၉၃ဦး

  • ပြည်ပရောင်းအားအချိုး

    ၂၀၀၀ ခုနှစ်

    ၁၈.၇%

    ၂၀၁၀ခုနှစ်

    ၄၆.၁%

    ၂၀၂၁

    ၇၂.၆%

  • ဥရောပ

    ပေါင်းစည်းထားသောကုမ္ပဏီများ
    ၄၃ ကုမ္ပဏီ
    ဝန်ထမ်းအရေအတွက်
    ၄,၂၀၁
  • အာရှ

    ပေါင်းစည်းထားသောကုမ္ပဏီများ
    ၄၃ ကုမ္ပဏီ
    ဝန်ထမ်းအရေအတွက်
    ၈,၉၅၇ ဦး
  • ဂျပန်

    ပေါင်းစည်းထားသောကုမ္ပဏီများ
    ၅၈ ကုမ္ပဏီ
    ဝန်ထမ်းအရေအတွက်
    ၂၃,၃၄၈ ဦး
  • အခြား

    ပေါင်းစည်းထားသောကုမ္ပဏီများ
    ၁၂ ကုမ္ပဏီ
    ဝန်ထမ်းအရေအတွက်
    ၃၉၆ ဦး
  • မြောက်အ‌မေရိက

    ပေါင်းစည်းထားသောကုမ္ပဏီများ
    ၄၂ ကုမ္ပဏီ
    ဝန်ထမ်းအရေအတွက်
    ၆,၃၉၁ ဦး
  • တစ်ကမ္ဘာလုံးအနှံ့ ထုတ်လုပ်သည့် ထွန်စက်အစီးရေစုစုပေါင်း

    အစီး‌ရေ ၅.၁ သန်းခန့်ကျော်

  • တစ်ကမ္ဘာလုံးအနှံ့ ထုတ်လုပ်သည့်အင်ဂျင်အလုံးရေစုစုပေါင်း

    ၃၀ သန်း

  • ထိုင်းနိုင်ငံ၏ ထွန်စက် အစုရှယ်ယာ
    အာရှနိုင်ငံများ‌၏ပေါင်းစည်းထား‌သောအစုရှယ်ယာ

    နံပါတ် ၁

  • အင်ဂျင်ဖွဲ့စည်းမှုပုံစံ

    ခန့်မှန်း‌‌ခြေ အမျိုးအစား ၃၀ သန်း မျိုး

    ဥ‌ရောပ၏အိပ်ဇောဓာတ်ငွေ့ထုတ်လွှတ်မှုစည်းမျဉ်းများ

    အဆင့် V အတိုင်း လုပ်ဆောင်သည်

  • မြေကော်စက်အသေး ‌ရောင်းအား အစီး‌ရေစုစုပေါင်း

    ၂၀နှစ်ဆက်တိုက်ကမ္ဘာတွင်အဆင့်

    ※ ၂၀၀၂ ခုနှစ်မှစ၍။
    “အဝေးပြေးလမ်းမကြီးသုတေသန ၂၀၂၁" အရ။

  • ပြည်တွင်းအဆင့်မြင့် ရေသန့်စင်စက်ရုံများတွင်
    Kubota ထုတ်လုပ်ရေးပစ္စည်းကိရိယာများကို ‌‌ရွေးချယ်အသုံးပြုသည့်နှုန်း

    ခန့်မှန်း‌‌‌ခြေ ၈၀ %

    ※ကာဗွန်လုပ်ဆောင်မှုရေပမာဏအခြေစိုက်စခန်း

  • Ductile သံပိုက်များ ကမ္ဘာတစ်ဝှမ်းသို့ပို့ပေးဆောင်သည့် ရလဒ်များ

    နိုင်ငံပေါင်း ၇၀ ကျော်

C o r p o r a t e
H i s t o r y

ကျွန်ုပ်တို့ထုတ်ကုန်များသည် နည်းပညာပိုင်းတွင်သာလွန်သည်သာမက လူ့‌ဘောင်အဖွဲ့အစည်းရှိ လူသားတိုင်းအတွက် အသုံးဝင်‌သောအရာဖြစ်ရမည်။

တည်ထောင်သူ
ခုဘိုတ ဂွန်းရှိရိုး

၁၈၉၀ ခုနှစ်တွင် သတ္တုများပုံသွန်းထုတ်လုပ်ခြင်းဖြင့် စတင်တည်ထောင်ခဲ့သည်
ဂျပန်နိုင်ငံ၌ ပထမဦးဆုံး "‌ရေပေးဝေရေးအတွက် သံပိုက်များ" ထုတ်လုပ်‌‌
ရေး တွင်အောင်မြင်ခဲ့သည်

  • ဂျပန်
  • တစ်ကမ္ဘာလုံးဆိုင်ရာ
  • 1890

    ၁၈၉၀ ခုနှစ် အိုဆာကာမြို့၊ မိနမိစီရင်စုတွင် စတင်တည်ထောင်ခဲ့သည်

  • 1893

    ၁၈၉၃ ခုနှစ်တွင် ရေပေးဝေရေးအတွက် သံပိုက်များကို စတင်ထုတ်လုပ်ခဲ့သည်

  • 1922

    ၁၉၂၂ ခုနှစ်တွင် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းအတွက် ရေနံသုံးစက် ထုတ်လုပ်မှုကို စတင်ခဲ့သည်

  • 1947

    ၁၉၄၇ခုနှစ်တွင် ထွန်စက်ကို တီထွင်ခဲ့သည်

  • 1960

    ၁၉၆၀ခုနှစ်တွင် တောင်ပေါ်သုံးလယ်ထွန်စက် T15

  • 1962

    ၁၉၆၂ခုနှစ်တွင် ရေပေးဝေရေးနှင့်မိလ္လာစသည့် ပတ်၀န်းကျင်ဆိုင်ရာတိုးတက်မှုလုပ်ငန်းသို့ ၀င်ရောက်ခဲ့သည်

  • 1974

    ၁၉၇၄ခုနှစ်တွင် အသေးစားဆောက်လုပ်ရေးစက်ယန္တရားများကို စတင်ထုတ်လုပ်ခဲ့သည်။

  • 1987

    ၁၉၈၇ ခုနှစ်တွင် ကွန်ပျူတာစီးပွားရေးလုပ်ငန်းသို့ ဝင်ရောက်ခဲ့သည်

  • 1990

    ၁၉၉၀ခုနှစ် လုပ်ငန်းတည်ထောင်သည့် နှစ် ၁၀၀ ပြည့်တွင် ကုမ္ပဏီကို "Kubota" အဖြစ် နာမည်ပြောင်းခဲ့သည်

  • 2005

    ၂၀၀၅ ခုနှစ် လယ်ထွန်စက်ထုတ်လုပ်မှုသည် အစီးရေ ၃ သန်းအထိရှိခဲ့သည်

  • 2008

    ၂၀၀၈ ခုနှစ် လူမှုရေးထောက်ပံ့ခြင်းလှုပ်ရှားမှု“ KUBOTA e-Project” စတင်ခဲ့သည်

  • 2010

    ၂၀၁၀ခုနှစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနမှ “Eco First Company” အဖြစ် အသိအမှတ်ပြုခဲ့သည်

  • 2011

    ၂၀၁၁ ခုနှစ် ကမ္ဘာ့ပထမဆုံးအဖြစ် US CARB ၄ ကြိမ်မြောက် အိတ်ဇောဓတ်ငွေ့ထုတ်လွှတ်မှုစနစ်အတိုင်း လုပ်ဆောင်ခဲ့သည်

  • 2012

    ၂၀၁၂ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်
    ရေးဒဿန
    "Global identity" ကို ထူထောင်ခဲ့သည်

  • 2014

    ၂၀၁၄ ခုနှစ် အိုင်စီတီမှ စိုက်ပျိုးရေးအထောက်အကူပြုစနစ်" KSAS " ကို တီထွင်ခဲ့သည်

  • 2020

    ပြည့်နှစ်တွင် လုပ်ငန်းတည်ထောင်
    သည့်နှစ် ၁၃၀ နှစ်ပြည့်



  • ဂျပန်

  • တစ်ကမ္ဘာလုံးဆိုင်ရာ

  • 1917

    ၁၉၁၇ ခုနှစ်တွင် ဂျာဗား (ယခုအင်ဒိုနီးရှား)သို့ သံမဏိပိုက်တန်ချိန် ၂၀၀၀ ပထမဆုံး တင်ပို့ခဲ့သည်

  • 1932

    ၁၉၃၂ ခုနှစ်တွင် နယ်သာလန်နိုင်ငံမှ သံမဏိပိုက်မှာကြား
    မှု ဆက်တိုက် ရရှိခဲ့သည်

  • 1960

    ၁၉၆၀ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ပထမဆုံးဖြစ်သော နိုင်ငံခြားရေပေးဝေရေးလုပ်ငန်း ပြီးစီးခဲ့သည်

  • 1972

    ၁၉၇၂ ခုနှစ်တွင် အမေရိကန်၌ ပထမဆုံးပြည်ပလယ်ထွန်စက်အရောင်းဌာန တည်ထောင်ခဲ့သည်

  • 1976

    ၁၉၇၆ ခုနှစ်တွင် နယူးယောက်စတော့အိတ်ချိန်းတွင် စာရင်းဝင်ခဲ့သည်

  • 1980

    ၁၉၈၀ ခုနှစ်တွင် အီဂျစ်မှ သဲကန္တာရစိမ်းလန်းစိုပြည်ရေးစနစ်လုပ်ဆောင်ရန် လက်ခံရရှိခဲ့သည်

  • 1989

    ၁၉၈၉ ခုနှစ်တွင် ဂျာမနီ၌ အသေးစားဆောက်လုပ်ရေးစက်များ စတင်ထုတ်လုပ်ခဲ့သည်

  • ၁၉၈၉ ခုနှစ်တွင် မြောက်အမေရိက၌ လယ်ထွန်စက်သုံးစက်ပစ္စည်း စတင်ထုတ်လုပ်ခဲ့သည်

  • 1998

    ၁၉၉၈ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ပေါင်းစပ်စီးပွားရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခဲ့သည်

  • 2004

    ၂၀၀၄ ခုနှစ် မြောက်အမေရိကတွင် အသစ်ထုတ်လုပ်သောပစ္စည်း၊ ဘက်စုံသုံးလေးဘီးယာဉ် "UV" သည် အလွန်လူကြိုက်များခေတ်စားခဲ့သည်

  • 2009

    ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ ဂျပန်ကုမ္ပဏီအတွက် ပထမဆုံးလယ်ထွန်စက်ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်ပြီးစီးခဲ့သည်

  • 2010

    ၂၀၁၀ ခုနှစ်တွင် တရုတ်နိုင်ငံ၌ စုပ်စက်ထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်းကုမ္ပဏီ တည်ထောင်ခဲ့သည်

  • 2012

    ၂၀၁၂ ခုနှစ် နော်ဝေးတွင် လုပ်ငန်းခွင်သုံး စက်ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီခွဲပြုလုပ်ခဲ့သည်

  • 2013

    ၂၀၁၃ခုနှစ် ကမ္ဘောဒီးယားနှင့်လာအိုတွင် စိုက်ပျိုးရေးစက်ကိရိယာများရောင်းချသည့် ကုမ္ပဏီကို တည်ထောင်ခဲ့သည်

  • 2014

    ၂၀၁၄ ခုနှစ် ပြင်သစ်တွင် အကြီးစားလယ်ထွန်စက်ထုတ်လုပ်သည့်ကုမ္ပဏီကို တည်ထောင်ခဲ့သည်

  • 2020

    ပြည့်နှစ်တွင် လုပ်ငန်းတည်ထောင်
    သည့်နှစ် ၁၃၀ နှစ်ပြည့်



  • ဂျပန်

  • တစ်ကမ္ဘာလုံးဆိုင်ရာ